န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမ၀ိပါကိနော=
ဓမ္မ၊ အဓမ္မ-ဒီနှစ်မျိုးဟာ အကျိုးပေးမတူပါဘူး။
အဓမ္မော နိရယံ နေတိ= အဓမ္မ က ငရဲသို့ ပို့ဆောင်ပီး။
ဓမ္မော ပါပေတိ သုဂ္ဂတိံ= ဓမ္မ ကတော့ ကောင်းရာဘုံဘဝကို
ရောက်စေပါတယ်။
ဓမ္မ Dhamma •တရား။ •ကုသိုလ်တရား။ •ပရိယတ္တိတရား။
•ဝိနည်းမှကြွင်းသော ဘုရားစကား။
•ဟုတ်မှန်သော သဘော။ •သစ္စာတရား။
•လောကုတ္တရာတရား။
•ခန္ဓာ အာယတန ဓာတ်ဟုဆိုအပ်သော တရား။
•ကျေးဇူးတရား။ •ပရမတ္ထသဘော တရား။
•စေတသိက်။ •အကျင့်။ •ကျင့်ဝတ်။•ကျင့်အပ်သော တရား။
•အာပတ်။•အကြောင်း။ •ပါဠိ။
(m.) doctrine; nature; truth; the Norm; morality; good conduct.
see Dhammo and (Dhammaṃ) Nature, condition, quality, property,
characteristic; function, practice, duty; object, thing, idea, phenomenon;
doctrine; law; virtue, piety; justice; the law or Truth of the Buddha;
the Buddhist scriptures; religion Religious.
အ-ဓမ္မ= A-Dhamma •မကောင်းသော အကျင့်။
•သူယုတ်တို့၏ အကျင့်။
•အကုသိုလ်တရား။ •မတရား။
(m.) 1, misconduct; 2, false doctrine. Wrong, injustice, unlawfulness,
false doctrine, impiety, unrighteousness
နိရယ=Niraya •စီးပွားချမ်းသာကင်းသော။ •ငရဲ။
(m.) the purgatory; hell.Hell
ငရဲဘုံ၊ သာယာမှု-ချမ်းသာသုခ-မှကင်း-မရှိရာဖြစ်-သော၊ ဘုံ။
•(၂) နိရယဂတိ။
•(၃) ချမ်းသာသုခ-မှကင်း-မရှိ-ရာဖြစ်သော ပြိတ္တာဘုံ။
သု-ဂတိ=Sugati •ကောင်းသော အလား။
•ကောင်းမှုပြုသောသူတို့၏ လားရာဖြစ်သော။
(f.) a happy state. Happy condition, being reborn in heaven; heaven.
(Tr. Sbfb. P.308)(ထေရ၊ ဂါထာ-၃၀၄၊နှာ-၂၇၂။။ဇာတ်-၅၁၀၊ ဂါထာ-၃၈၆၊ နှာ-၁. ၃၅၇။)