ရဟန်းတော် (မော်ဒန်တောရ)

Aug 20, 2015

.

ဘဂဝါဂုဏ်တော် အဓိပ္ပါယ် (ဘုန်းတော် )



1) ဣဿဿဿဿရိယဘုန်းတော် = မိမိစိတ်တော်ကို အစိုးရနိုင်နင်းခြင်း ဘုန်းတော်။ ယင်းဣဿရိယ ဘုန်းတော်သည်

(က) -အဏိမာ- ခန္ဓာကိုယ်ကို အဏုမြူသဖွယ်သေးငယ်အောင် ဖန်ဆင်းနိုင်ခြင်းတန်ခိုး၊

(ခ) လဃိမာ - ခန္ဓာကိုယ်ကို ပေါ့ပါးအောင် ဖန်ဆင်းနိုင်ခြင်းတန်ခိုး။

(ဂ) မဟိမာ- ခန္ဓာကိုယ်ကို ကြီးအောင်ဖန်ဆင်းနိုင်ခြင်းတန်ခိုး။

(ဃ) ပတ္တိ - လိုရာအရပ်သို့ ရောက်အောင်ကြွ သွားနိုင်ခြင်းတန်ခိုး။

(င) ပါကမ္မ - အဓိဋ္ဌာန်ခြင်းစသည်ဖြင့် လိုရာပြီးအောင် ဖန်ဆင်းနိုင်ခြင်းတန်ခိုး။

(စ) ဤသိတာ- သတ္တဝါတို့ကို မိမိအလိုသို့ လိုက်စေနိုင်ခြင်းတန်ခိုး။

(ဆ) ဝသိတာ - ဣဒ္ဓိဝိဓအဘိညာဉ်၌ ဝသီဘော်ကို နိုင်နင်းခြင်း၊ လျှင်မြန်နိုင်နင်းစွာ ဖန်ဆင်းနိုင်ခြင်းတန်ခိုး။

(ဇ) ယတ္ထကာမဝသာယိတာ - ကောင်းကင်ဖြင့်ကြွသွားသောဘုရားအား၎င်း၊ တစုံတခုသော အမှုကိစ္စကို ပြုတော်မူသောဘုရားအား၎င်း၊ အလိုရှိရာကာလဌာန၌ ပြီးဆုံးစေလိုသည်နှင့် တပြိုင်နက် ထိုထိုကိစ္စကို ပြီးဆုံးစေနိုင်ခြင်းတန်ခိုးဟု ၈ ပါးရှိသည်။

 2) ဓမ္မ ဘုန်းတော် = လောကုတ္တရာတရားနှင့်ပြည့်စုံတော်မူခြင်း ဘုန်းတော်။

 3) ယသဘုန်းတော် = အခြံအရံအကျော်အစောနှင့် ပြည့်စုံတော်မူခြင်း ဘုန်းတော်။

4) သိရီဘုန်းတော် = လက္ခဏာတော် ကြီးငယ်အသွယ်သွ ယ်နှင့် ပြည့်စုံသဖြင့် လှပတင့်တယ်တော်မူ ခြင်းဘုန်းတော်။

5) ကာမဘုန်းတော် = အလိုရှိတိုင်းသော အတ္တဟိတ၊ ပရဟိတကို ပြီးစီးစေနိုင်ခြင်းဘုန်းတော်။

 6) ပယတ္တ ဘုန်းတော် = အများလေးစားလောက်သော လုံ့လဝီရိယနှင့်ပြည့်စုံခြင်းဘုန်းတော်။

Add to Google Reader or Homepage

Powered By blogger

 
ရဟန်းတော် (မော်ဒန်တောရ). Design by Wpthemedesigner. Converted To Blogger Template By ကုကၠိဴစု Tested by မြောက်ဒဂုံမစိုးရိမ်.