ရဟန်းတော် (မော်ဒန်တောရ)

Oct 20, 2017

.

အိပ်မက် မက်ခဲ့ရသော တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမကြီး၌ ဘွဲ့တက်ရောက်ယူရန် ရှိသည်။ မိမိရည်မှန်းချက်ကြီးတစ်ခုရဲ့ အောင်မြင်မှု သင်္ကေတဖြစ်သည်။ ငယ်စဉ်ကတည်းက တက္ကသိုလ်တက်ချင်တဲ့ အိပ်မက်ရှိခဲ့သည်။ ကလေးငယ်ဘ၀ကတည်းက မက်ခဲ့သော အိပ်မက်တို့သည် ထင်တာထက် ပိုပြီး ပြည့်စုံခဲ့သည်ဟု ဆိုရပေမည်။ ကလေးဘ၀တုန်းက တက္ကသိုလ်ဆိုတာ ဘာမှန်းမသိခဲ့၊ မမြင်ခဲ့၊ ကြားဘူးရုံသာ ရှိပြီး၊ ယင်းကြားဘူးနားဝဖြင့်ပင် တက္ကသိုလ်ကျောင်းသား ဖြစ်ချင်ခဲ့သည်။ တကယ်လဲ တက္ကသိုလ်တက်ဖို့ အမြဲအာရုံစိုက်နေခဲ့သည်။ တက်ခွင့်လဲရခဲ့သည်၊ တကယ်လဲ တက္ကသိုလ်တက် ရရော ပြည်တွင်းတွင်သာမက ထင်မှတ်မထားသော ပြည်ပတက္ကသိုလ်များပါ တက်ခွင့်ရခဲ့သည်။ ဆက်ရေးပါမည်။


Add to Google Reader or Homepage

Powered By blogger

 
ရဟန်းတော် (မော်ဒန်တောရ). Design by Wpthemedesigner. Converted To Blogger Template By ကုကၠိဴစု Tested by မြောက်ဒဂုံမစိုးရိမ်.