က) တင့်တယ်သော (အရိယာမဂ်ဟူသော) ကြွသွားခြင်းရှိသောဘုရား။
ခ) ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတတ်သောဘုရား။
ဂ) (ပယ်ပြီးသောကိလေသာတို့ထံသို့တဖန်ပြန်မလာဘဲ ) ကောင်းစွာကြွ သွားတော်မူတတ်သောဘုရား။
ဃ) ဒီပင်္ကရာဘုရား၏ခြေတော်ရင်းမှ ဗောဓိမဏ္ဍိုင်အထိ ကောင်းစွာကြွ (လာ)တော်မူသောဘုရား။
င) (စကား ၆ မျိုးအနက် ၂ မျိုးသော) သင့်လျော်သည့်စကားကိုသာ ပြောဆိုတတ်သောဘုရား။
စ) တင့်တယ်သော နိဗ္ဗာန်သို့ ကြွသွားတတ်သောဘုရား။
ဆ) ကောင်းစွာပြောဆိုတော်မူတတ်သောဘုရား။
ဇ) ကောင်းသောနိဗ္ဗာန်ကို ရရှိခြင်းရှိတော်မူသောဘုရား။
ဈ) တင့်တယ်စမ္ပယ် ကျက်သရေ မင်္ဂလာရှိစွာ ကြွသွားခြင်းရှိတော်မူသောဘုရား။
ည) (လောကအားလုံးကို) ကောင်းစွာသိတော်မူသောဘုရား။
ဋ) (သမုဒယသစ္စာ-တဏှာကို) ကောင်းစွာ လွန်မြောက် ပယ်ခွါ ပြီးသောဘုရား။
ဌ) (နိရောဓသစ္စာ- နိဗ္ဗာန်ကို) ကောင်းစွာရရှိပြီးသောဘုရား။
ဍ) (မဂ္ဂသစ္စာကို) ကောင်းစွာကျင့်ပြီးသောဘုရား။
ဎ) (တရားအားလုံးကို ထူးသောဉာဏ်ဖြင့်) ကောင်းစွာမျက်မှောက်ထင်ထင်သိမြင်ပြီးသောဘုရား။
ဏ) တင့်တယ်သောအကျင့်ဖြင့် ကြွသွားတော်မူတတ်သောဘုရား။